ဆယ်လမွန်ငါးတွေဟာ
ရေဆန်ကိုလှန်ပြီးတော့
အိမ်ပြန်တယ်။
ဆယ်လမွန်ငါးတွေဟာ
မိုးဦးဆိုတာ
သေချာမှာ အိမ်ပြန်တယ်။
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတွေပါလား
အမေ လို့ ဆရာချောကရေးခဲ့
အခုက
မိုးဦး
နောက်ကျ
အဲဒါလည်း
တကယ်တော့
လောကဓံတွေ
တကယ်တော့
တော်လှန်သော လောကဓံတွေ။
ရေဆန်ကိုတော့
လှန်နေရတုန်း
မိုးဦးဆိုတာသေချာပြီလား
မေးမနေနဲ့
ငါ
အခုထိ အိမ်မပြန်သေး။
ညိုထက်
(လမ်းသစ်ဦး)
၃၁
- ၁ - ၂၀၁၄
No comments:
Post a Comment