တိတ်ဆိတ်နေတဲ့
အသံတွေက ပိုမိုလို့ကျယ်လောင်။
လူဆိုတာ
လုပ်ချင်ရာလုပ်တဲ့သတ္တ၀ါ
လို့ ယုံကြည်ယူဆခဲ့သူပါ
ဒါက
ဂိုဏ်းထောက်ချင်သူများသို့ ပြန်ကြားချက်။
မှန်တမ်းအခြေအနေဖြစ်မှုဆီကနေတွေးကြည့်တယ်
ငါဟာ
ပြဌာန်းခံမဖြစ်ချင်ဘူးဆိုတဲ့ဆီကိုပဲ ရောက်သွားတယ်။
သွန်လိုသွန်
မှောက်လိုမှောက်
အဲဒီလို
လောကဓံအောက်ကနေ
ငါ့အလံကို
ငါ လွှင့်တင်ခဲ့တယ်။
ကောင်းဘွိုင်ကားတွေထဲကလိုမျိုး
ခြေထောက်ကို
ကြိုးကွင်းစွပ်ပြီ
ဒရွတ်တိုက်ဆွဲခံခဲ့ရမှုတွေကို
ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့တယ်။
တည့်တည်မတ်မတ်
ပါပဲ
ရူးသွပ်ခမန်း
အညှာအတာကင်းကင်း
မိုက်မိုက်ရိုင်းရိုင်း
သွေးစိမ်းရှင်ရှင်
နိမ့်ရာစိုက်တဲ့
ရင်ဝက လှံချက်နဲ့အတူ
မတ်မတ်ရပ်ခဲ့တယ်။
အတိတ်
ဘဝ
သမိုင်း
အနုလုံပဋိလုံ
လက်နက်ကိုင်တော်လှန်ရေး
တိုင်းချစ်ပြည်ချစ်ဝါဒ
မှီခိုနေရသူ
မလွတ်ကင်းဘူး။
၁၅
- ၇ - ၂၀၁၄
ညိုထက်
(လမ်းသစ်ဦး)
No comments:
Post a Comment