Saturday, October 4, 2014

ရ - ရက် ကို လှမ်းကြည့်ခြင်း

ချောတိုင်တက်သလိုပ
အောင်လံရဖို့
အကြိမ်ကြိမ်ပြန်ကျ
အကြိမ်ကြိမ်ပြန်ထ
တော်လှန်တဲ့ နိုင်ငံရေးသိပ္ပံကျောင်းသား
အကွေ့အကောက်များလှတယ်။

ရောနိသော မနသီကာရ တရားနဲ့အညီ
တိုက်ပွဲလမ်းစဉ် ခိုင်မာသစ်လွင်ရေးအတွက်
ပင်လယ်ဝကို လှေကလေးနဲ့ ထွက်ခဲ့
တရားမှန်ရင် ကူသူများသတဲ့။

နိုင်ငံရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်း
ထိုယုံကြည်ချက်အတိုင်း
ကမ်းတက်တိုက်ပွဲတွေ အလီလီ
ရန်သူ့ပစ်ချက်တွေကြားက
အသေခံပြီး စခန်းသိမ်းခဲ့ကြ
တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးတဲ့
D Day အတွက် စုစည်းကြမယ်။

ညိုထက် (လမ်းသစ်ဦး)
၂၂ - ၂ - ၂၀၁၄
(ပင်လယ်ဝကို လှေကလေးနဲ့ ထွက်ခဲ့ - ဆရာဒဂုန်တာရာ၏ ကဗျာစာသားဖြစ်ပါသည်။)

No comments: