သူ့ ဟိတ် ကို ဇစ် ဆွဲပိတ်လိုက်တယ်၊
အဲဒီ ဟိတ် ထဲမှာ
သူ့ရှိသမျှ အကုန်ပါသွားပြီလေ။
သူ့ အတိတ်တခုလုံး
အဲဒီ ဟိတ် တလုံးတည်းနဲ့ ထည့်သွားနိုင်တာကတော့
ရင်သပ် ရှု့မောပါပဲ။
ပိပိရိရိ၊ သေသေသပ်သပ်
ပြီးတော့ …. ကျေကျေနပ်နပ်
နေကာမျက်မှန်တွေဘာတွေတပ်
နက်ကတိုင်တွေ ဘာတွေစည်းလို့
ပေါင်ဒါတွေဘာတွေဖို့
ချွေးနံ့ပျောက်ဆေးတွေဘာတွေလူးလို့
သွားလေရဲ့
ဘယ်တော့မှ
မဆုံဆည်းနိုင်တော့တဲ့အထိတိုင်
ဝေးသွားလေရဲ့။
ထုံးတို့လို့ မှတ်လိုက်ရပြန်ပြီလေ
ပစ်ချထားလိုက်ရတဲ့ တာလီတွေက
ပြန့်ကျဲပြီး
စင်းစင်းကြီးကျဆုံးနေကြပေါ့။
ညိုထက် (လမ်းသစ်ဦး)
ဒေါင်းအိုးဝေ - အတွဲ (၂)၊ အမှတ် (၆)၊ ဇွန်
- ဇူလိုင် - ၂၀၀၄
No comments:
Post a Comment