Tuesday, May 12, 2015

မတူသောအစိမ်း

ပျဉ်းမနားဆိုတာ
ကဗျာမြို့
အနုပညာ ဂုဏ်ပုဒ်တွေနဲ့
တောက်ပြောင် ၀င်းလက်ခဲ့။

ကဗျာနဲ့ စစ်
သဟဇာတ မဖြစ်နိုင်။
အခုတော့
ကဗျာနဲ့စစ်
ဂူတဂူထဲ နှစ်ကောင်အောင်းသလိုဖြစ်ခဲ့ရ။

အချစ်ရေ ….
ရိုးမစိမ်းစိမ်း၊ ပျဉ်းမနားအစိမ်းတွေကြားမှာ
အခုဆို
စူဠသု့ဒ္ဒါမုန်းတဲ့
ပန်းတွေ ဝေနေရာရောပေါ့။

မဟုတ်တော့ပါဘူးဆရာ
ဆဒ္ဒန်ဆင်မင်းကို အညှိုးသိုနေတဲ့
စူဠသူ့ဘဒ္ဒါလို
လူတွေ
ဘုရားဗိုက်ဖေါက်ပြီး
အသိုက်ဆောက်နေတဲ့အဖြစ်ပါ။

အခုတော့ ….
အင်ကြင်းပန်းတွေ …. ကြွေ ….။


ညိုထက် (လမ်းသစ်ဦး)

No comments: