Tuesday, May 12, 2015

ဆေးရုံ


စစ်မြေပြင်တောင်ကုန်းတခုမှာ
ပစ်ကျင်းတွေ အစီအရီတူးထားသလိုမျိုး
လူနာကုတင်တွေဟာ တန်းစီနေတယ်။

နောက်ပြီ
ရန်သူအလာကို အသင့်နေအထားနဲ့
စောင့်ဆိုင်းနေသလိုမျိုး
လူနာတွေဟာလည်း
ကုတင်တွေမှာ ခံစစ်ပြင်ပြီးနေရာယူနေကြတယ်။

ကျား ….
ကျား ….
ကျား ….
သေခြင်းတရားဟာ ကျားထိုးပြီးတက်လာပြီ။

ဘဝ
ယုံကြည်ချက်
ပစ္စုပ္ပန်နဲ့
အနာဂတ်
ရှိရှိသမျှနဲ့ မီးကုန်ယမ်းကုန်ဖြင့်
ခုခံတိုက်ပွဲဝင်နေကြပေါ့။

အေးဗျာ
စိတ်မကောင်းစရာက
လူနာတချို့ဟာ
ဝေဒနာထက် သေတာကို တောင်းဆိုနေကြလေရဲ့။

ညိုထက် (လမ်းသစ်ဦး)

No comments: