ငါ့ဘ၀ကွင်းပြင်တခုလုံးကိုတောင်
ရှာဖွေတွေ့ရှိခွင့်မရနိုင်လောက်အောင်
အမြစ်တွယ်ဆုတ်ကိုင်
လွှမ်းမိုးဖိစီးထားတဲ့
သစ်ပင်ကြီးတွေကို
အတုံးအရုံးခုတ်ချလိုက်။
သင်း
(ဒင်း) တို့ကို မီးတိုက်လိုက်ကြ
ဟုန်းဟုန်းလိမ့်လိမ့်
မီးတိုက်လိုက်ကြ
သူတို့ရဲ့
ပင်ကိုယ်ဘဝ
မဲနက်မှုတွေ
ပြီးတော့
… ပြာပုံဘ၀ ကျတဲ့အထိ မိးတိုက်လိုက်ကြ။
ပြီးရင်
…
ငါဟာ
လူသားအားလုံးအတါက်
စပါပင်
… စိမ်းလဲ့
ဝင်းဝါ
ရင်တခွင်လုံး
ရိတ်သိမ်းခွင့်ပေးမယ့်သူပါ။
ညိုထက်
(လမ်းသစ်ဦး)
No comments:
Post a Comment