နင်ပြန်လာမယ်ဆို …
နင်ပြန်လာမယ်ဆိုတော့ ငါမျှော်တာပေါ့
ငါ့ဆီ နင်ပြန်လာရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး
…
ဗျာပါဒ စိတ်အလန်းတွေ
ကျယ်လောင်စွာ အော်မြည်နေပေါ့။
မျက်ရည်တွေလည်း ပြုတ်ကျ
စကားလုံးတွေလည်း ပြုတ်ကျ
အသုဘချကာနီး
မြေအိုးကြီးကို ရိုက်ခွဲချလိုက်သလိုမျိုး။
အမွှေးတိုင်တွေရယ်၊
အလွမ်းတွေကို ဝေနေအောင်ခွေထားတဲ့
လွမ်းသူတွေရဲ့ ပန်းခွေတွေရယ်၊
သူ့ရင်ဘတ်ပေါ်စိုက်တင်ထားတဲ့
အလံတလက်ရယ်၊
ပြုံးယောင်ယောင်နဲ့
အားလုံးကိုစိုက်ကြည့်နေတဲ့
ဓါတ်ပုံတပုံဖြစ်တဲ့
ရဲဘော်ထက်မိုး
(၁၉၆၀ - ၂၀၀၅) ရယ်။
အားလုံးကိုကြည့်ရင်းနဲ့
ဆို့နင့်ကြေမွ ကဗျာဆရာရဲ့မိန်းမ
နင့်သားကို စိတ်ချသွားပြီလား
ဦးဘုန်းနိုင်ရဲ့။
ရင်ခွင်ထက်က
နာတာရှည် လူမမာသားလေးကိုကြည့်လိုက်
အလောင်းစင်ကိုကြည့်လိုက်
နံဘေးနားမှာ ထိုင်နေတ့
သမီးအကြီးမကိုကြည့်လိုက်။
တခင်းလုံးပိုးကျသွားတဲ့
တောင်ယာကို ငေးကြည့်နေတဲ့
တောင်ပေါ်သူ တောင်ယာပိုင်ရှင်ရဲ့
ပျက်သုံးမှု အကြည့်မျိုးနဲ့။
တောင်ယာခုတ်လို့
အတုန်းအရုန်း ပြိုကျသွားတဲ့
တောစိမ်းကြီးတွေလို။
ဒီမြင်ကွင်း
ကိုထက်မိုးသာမြင်ရင်
ဘယ်လို
ထုဆစ်လိုက်လေမလဲ
နင်ကျင်ရပါတယ် …
ရဲဘော်ကြီးရယ်။
တဘ၀လုံး
ပြန်ကျမိုးတွေနဲ့သာ
ကမ္ဘာပြုခဲ့သူရဲ့
စ်ပန
သူပုန္တေယာက္က
သူ့မိသားစုအတွက်
ချန်ထားခဲ့နိုင်တာက
သမိုင်းရေး
ဂုဏ်ပုဒ်တွေသာ
ကြီးမြတ်နေခဲ့။
မိုဒီလျှာနီဆုံးတော့
ပီကာဆိုရဲ့
မှတ်ချက်စကား
ခေတ်ကြီးကိုရော
သူ့ကိုယ်သူပါ
အရက်စက်ဆုံး
လက်စားချေသွားတာ။
ကြိးမြတ်သူရဲ့
ဈာပနမှာ
အလွမ်းတွေ
ချွေနေတဲ့ ဒေါ်ကူးရေ …
ခေတ်ကြီးကိုယ်၌ကလည်း
သူ့ကို
ရှုံးခဲ့ရတာပါဗျာ
ကြည့်ပါလား …
မိုးတွေရွာနေတာ
အဲဒါ
ခေတ်ကြီးက
ကိုထက်မိုးအတွက်
ငိုနေတာပေါ့။
ညိုထက်
(လမ်းသစ်ဦး)
No comments:
Post a Comment