Saturday, December 6, 2008

မတူသောအစိမ်း

ပျဉ်းမနားဆိုတာ
ကဗျာမြို့
အနုပညာဂုဏ်ပုဒ်တွေနဲ့
တောက်ပြောင်ဝင်းလက်ခဲ့။

ကဗျာနဲ့စစ်
သဟဇာတမဖြစ်နိုင်။
အခုတော့
ကဗျာနဲ့စစ်
ဂူတဂူထဲနှစ်ကောင်အောင်းသလိုဖြစ်ခဲ့ရ။

`အချစ်ရေ …
ရိုးမစိမ်းစိမ်း၊ ပျဉ်းမနားအစိမ်းတွေကြားမှာ
အခုဆို
စူဠသု့ဘဒ္ဒါမုန်းတဲ့
ပန်းတွေဝေနေရောပေါ့´

မဟုတ်တော့ပါဘူးဆရာ
ဆန္ဒန်ဆင်မင်းကို အညိုးသိုနေတဲ့
စူဠသု့ဘဒ္ဒါလိုလူတွေ
ဘုရားဗိုက်ဖေါက်ပြီး
အသိုက်ဆောက်နေတဲ့အဖြစ်ပါ။

အခုတော့ …
အင်ကြင်းပန်းတွေ … ကြွေ …။

ပျဉ်းမနား ကြပ်ပြေးကို ရန်သူက နေပြည်တော်ဆိုပြီး ပြောင်းစဉ်ကာက ရေးထားတဲ့ကဗျာ အဲဒီကာက ခေတ်ပြိုင်ဝဘ်ဆိုက်မှာ တင်ခဲ့ဖူးပါတယ်။

ညိုထက် (လမ်းသစ်ဦး)

1 comment:

Nyo Htet Nyo said...

ဒီကဗျာ ဖတ်ပြီး ပျဉ်းမနား အစိမ်းသားတွေထဲက ကဗျာတွေကိုရော ၊ ဂန္ဓဗ္ဗနတ်သား ဆရာဇော်ကိုရော လွမ်းသွားတယ်အစ်ကိုရေ...