Friday, August 1, 2014

လှေကလေးနဲ့ ရေးတဲ့ကဗျာ

ရန်သူမရှိ၊ မိတ်ဆွေသာရှိ

ဆရာရေ …

မုန်းသူမရှိ၊ ချစ်သူသာရှိ။

ဆရာဟာ …
အေးမြတဲ့ ရာသီဥတုရဲ့ အရသာကို ခံစားရင်း
အမျိုးသားအောင်ပွဲ အကြောင်း
တွေးမိနေရောမယ်။

ဆရာဟာ …
“သခင်မျိုးဟေ့ … တို့ဗမာ” ဆိုတဲ့
ကြွေးကြော်သံကို ကြားယောင်ရင်း
တလိမ့်လိမ့်တက်လာတဲ့ မိတိအဟုန်နဲ့
သူ့နှုတ်ခမ်းတွေဟာ ပြုံးနေရောမယ်။

စန္ဒယား တီးချင်သလိုလို …
ပန်းချီရေးချင်သလိုလို …
ကဗျာရေးချင်သလိုလို …။

သမိုင်းအတွေး၊ ရေးရေးလိမ့်လိမ့်
လွပ်လပ်ရေးနဲ့အတူ
ညီညွတ်ရေးကို ၀ိုင်းဝန်းတည်ဆောက်ခဲ့ကြတယ်
သခင်ကိုယ်တော်မှိုင်း
သခင်အောင်ဆန်း
သခင်နု
ပြီးတော့ … သူ၊ ဒဂုန်တာရာ
အခု ဒေါ်အောင်ဆန်းစုကြည်
“အရိုင်း”
ပြီးတော့ …
“အယဉ်”

ယုံကြည်ခဲ့တယ်
ညီညွတ်ရေးဟာ ငြိမ်းချမ်းရေးလို့ …
ယုံကြည်ခဲ့တယ်
ငြိမ်းချမ်းရေးဟာ လွတ်လပ်ရေးလို့ …
ယုံကြည်ခဲ့တယ်
လွတ်လပ်ရေးဟာ ဒီမိုကရေစီရေးလို့ …
ယုံကြည်ခဲ့တယ်
ဒီမိုကရေစီရေးဟာ လူမျိုးစုံချစ်ကြည်ရေးလို့ …
အဲဒီလိုနဲ့ သူ့ အဘိဓမ္မာဟာ
“ရန်သူမရှိ မိတ်ဆွေသာရှိ” ဖြစ်ခဲ့တယ်
အဲဒီလိုနဲ့ သူပြောခဲ့တယ်
“ကာရံမဲချင်မဲ့ အဘီဓမ္မာ မမဲ့စေနဲ့”လို့။

တောင်ပေါ်လေအေး
တနွဲ့နွဲ့နော့
ချိုးငှက်ရဲ့တေး တကြော့ကြော့။

လေနုအေးတွင်
စန္ဒယားသံက စွတ်ပျံ့နေသည်
ထိုစန္ဒယားသံနှင့်အတူ ကဗျာကျူးသံ
ထိုသည်တို့က ဒြပ်မဲ့ပန်းချီ
ထိုပန်းချီတွင် အများဆုံးသုံးထားသည့်အရောင်က
“ဝေါဒစ္စနေ အပြာ”။

ဗမာပြည်နိုင်ငံရေးက
“ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့” ကြပြီ။

ညိုထက် (လမ်းသစ်ဦး)
၁၁ - ၁၁ - ၁၁

No comments: