Tuesday, July 28, 2009

ချဉ်ခြင်း

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရေးထားတဲ့ ကဗျာလေးပါ ကျနော်တို့တပ်ရင်းက ရဲဘော်တွေစုထုတ်တဲ့ ကဗျာစာအုပ်မှာ ထည့်သွင်း ဖေါ်ပြခဲ့ဖူးပါတယ်။ အမှတ်တရရှိသွားတာနဲ့ ဒီမှာ ပြန်တင်ကြည့်တာပါ

ချဉ်ခြင်း

ခေါက်ပြန်လမ်းလျောက်
စိတ်မှတ်မှောက်မှား
လက်ကို မ မိ၊ လက်ကြားကိုကြည့်
မရှိ။

ရင်မှာနွမ်း
ပင်ပန်းခံစား
ချဉ်ခြင်းအားတွေ ကျိုးပေါက်ချေပြီ
တောက် ... ဆေးလိပ်သောက်ချင်တယ်။

ညိုထက် (လမ်းသစ်ဦး)

5 comments:

mirror said...

ဘာဖြစ်တယ်မသိဘူး။ဖတ်ပြီးတော့ တံတွေးတစ်ချက်မြိုချမိတယ်..။

လေးစားခင်မင်လျက်

မင်းဒင် said...

ကဗျာကိုနားမလည်တာလည်းအမှန် ။
ဒါပေမဲ့ ဒီကဗျာကိုတော့ နှစ်သက်မိတာလည်း အမှန် ။

ခင်မင်လျက် ။

မင်းဒင်

Nyo Htet Nyo said...

ခံတွင်းချဉ်ပေမယ့် ကဗျာချဉ်ခြင်းတော့ ပြေရဲ့ဗျာ။ ကဗျာလေး ကောင်းတယ်အစ်ကိုရာ။ ကျေးဇူးပါ။

အဖြူရောင်နတ်သမီး said...

ဆေးလိပ်သောက်ခြင်းသည် ...
ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်....။

Unknown said...

ကဗျာလေးဖတ်ပြီး ဆုံးတော့
ကျွန်တော်လဲ ဆေးလိပ်သောက်ချင်လာတယ်...
ကဗျာလေးကောင်းပါတယ်.....