Tuesday, March 3, 2009

မော်ကွန်းများ

စနေရဲ့ကျောကုန်းပေါ် ပစ်တင်ထားတဲ့ ကဗျာကိုပဲ
လွမ်းနေမိတော့တယ်။

ဘ၀ဆိုတာ တိုက်ပွဲဆိုရင်တောင်
ဒီတိုင်းပြည်က ဘ၀တွေရဲ့ တိုက်ပွဲဟာ
တိုက်ပွဲပူ။

ဂုဏ်ယူစရာချည်းပဲ။

ပြောရဦးမယ်
ရှင်ကြီးဂေါတမလည်း ဖြစ်ဖို့အတွက် ဖြတ်ခဲ့ရတာပဲ။

အရှိအတိုင်းပါပဲ
ဖြတ်သူတွေရှိမယ်
ရပ်သူတွေရှိမယ်။

ဘ၀တခုလုံးအတွက်
ဂုဏ်သိက္ခာသရဖူ ပြန်တိုက်ယူရမယ့်ကိစ္စမှာ
စဉ်းစားကြည့်စမ်းပါ
ဘယ်ဟာတွေ အလကားရဖူးသလဲ။

သင်္ခါရဓမ္မကို သိတယ်
ရှင်ကြီးဂေါတမသာ
ဒုက္ကရ စရိယာကျင့်တုန်း
ငါအရေးနိမ့်နေပြီလို့ တွေးခဲ့မိရင် …။

တံခါးကို ခေါက်လော့ ပွင့်လိမ့်မည်
သမ္မာကျမ်းစာကဆိုတယ်
ဂျေးဇက်ဟာ
တဦးချင်းသေပေမယ့်
တပွဲလုံးနိုင်ခဲ့တယ်။

တကယ်အဖြစ်အပျက်ပါပဲ
လမ်းမလျှောက်သူ ဘယ်ကိုမှမရောက်ဘူး။

ညိုထက် (လမ်းသစ်ဦး)

2 comments:

mirror said...

ကဗျာလာဖတ်သွားပါသည်...။ဥာဏ်မှီသလောက် ခံစားသွားတယ်..အစ်ကိုရေ့..

မမသီရိ said...

အစ်ကို ဂင်ကြီး ဆီမှာ ဖတ်ခဲ့ ပြီးပြီ..
လမ်းတွေ့ လို့ လိုက် လည် ရင်းနဲ့ မှတ်ချက် ထပ်ပေးခဲ့မယ် နော်
ကဗျာလေး ကောင်းပါတယ်..

အဆင်ပြေပါစေ