Monday, May 2, 2011

ဒေါ်စုသရဏံ ဂစ္ဆာမိ


ဒေါ်စုသရဏံ ဂစ္ဆာမိ

ပြောလိုက်ဖို့ ဘာမှတစ်ဆို့နေဖို့မရှိ

ဘာ ရှက်ကိုးရှက်ကန်းဖြစ်စရာရှိသလဲ

ဒေါ်စုသရဏံဂစ္ဆာမိ။

မက်စ် - လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်၊ တိန့်ရှောင်ပိန်သဘောတရား၊

စတာလင်ခေတ်၊

ဘရောက်ဒါဝါဒ၊

ဂန္ဓီလမ်းစဉ်၊

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း

ငြိမ်းချမ်းရေးဗိသုကာ သခင်ကိုယ်တော်မှိုင်း

ဦးနုခေတ်

ဗိုလ်နေ၀င်းခေတ်

ဗိုလ်သန်းရွှေခေတ်

အားလုံး လူကိုဗဟိုပြုပြီးဖြစ်တာချည်းပဲ

ဒေါ်စုသရဏံ ဂစ္ဆာမိ။

ရိုသေထိုက်သူကို ရိုသေတာ

ဗမာ့အစဉ်အလာမှာ မင်္ဂလာ။

ဂျီစီဘီအေနိုင်ငံရေးသမားတွေ

အကွဲကွဲ အပြားပြားနဲ့ အဲဒီအချောင်သမားတွေကြားက

ဆရာစံနဲ့ ဂဠုန်တပ်သားတွေအတွက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက

ဂဠုန်သရဏံဂစ္ဆာမိသလိုမျိုး

ငါတို့ခေတ်မှာလည်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းရေးတပ်သားတွေအတွက်

ဒေါ်စုသရဏံဂစ္ဆာမိ။

ပေါက်ပန်းဈေးစကားတွေကို နားယောင်စရာမလို

ပစ္စုပ္ပန်မှာတည့်တည့်နေ၊ ယုံကြည်ချက်ကို ရှု့မှတ်

ပြည်တွင်းစစ် မုချ ရပ်ရမယ်

ထိုအလံကို ကိုင်၍ အလေးပြုကြ

ငြိမ်းချမ်းရေးအောင်ပန်း ဆွပ်လှမ်းလိုပါ၏

ဒေါ်စုသရဏံဂစ္ဆာမိ။

ညိုထက် (လမ်းသစ်ဦး)

၂ - ၅ - ၂၀၁၁